
ဒီနှစ်ယူရိုပါလိဂ်က စပါးအတွက် ခြောက်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဥရောပဖိုင်နယ်ဖြစ်ပါတယ်။ စပါးနည်းပြကြီးပိုစတက်နိုဂလူကတော့ နည်းပြဘဝတစ်လျောက် ဒုတိယရာသီရောက်တိုင်း ဖလားတစ်လုံးရတဲ့အစဉ်အလာကောင်းကို ဆက်ထိန်းမယ်လို့ဆိုပါတယ်။ ဒီရာသီ မန်ယူနဲ့တွေ့တဲ့သုံးပွဲစလုံး နိုင်ထားလို့ စပါးနည်းပြကြီးလေကျယ်မယ်ဆိုလည်း ကျယ်လို့ရပါတယ်။ စပါးသမိုင်းတစ်လျောက် ဥရောပမှာ နိုင်ပွဲအများဆုံးရထားတဲ့အသင်းက လက်ရှိစပါးအသင်းဖြစ်ပါတယ်။ စပါးနည်းပြကြီးမှာ ဖိအားရှိသလို မန်ယူနည်းပြကြီး အာမိုရင်မှာလည်း ဖိအားများပါတယ်။ မန်ယူသာ ယူရိုပါလိဂ်မရရင် ဆုံးရှုံးမှုက အရမ်းများပါတယ်။ လာမယ့်နှစ်ဥရောပဝင်ခွင့်မရလို့ ဝင်ငွေလည်းအများကြီးထိခိုက်နိုင်ပါတယ်။ ဝင်ငွေထိခိုက်လို့ အသင်းတည်ဆောက်ရေးအပိုင်းမှာလည်း ထိခိုက်နိုင်ပါတယ်။ မန်ယူဟာ ဒီနှစ်ယူရိုပါလိဂ်မှာ နိုင်ပွဲ ၉ပွဲရပြီး သရေ ငါးပွဲရထားပါတယ်။ မန်ယူရဲ့ယူရိုပါလိဂ်သွင်းဂိုးကလည်း ၃၅ဂိုးရှိပါတယ်။ ရှုံးပွဲမရှိတဲ့မန်ယူ ဘယ်အထိဆက်ချီတက်မလဲစောင့်ကြည့်ရပါမယ်။
နိုင်ငံတစ်ကာဘောလုံးပွဲစဉ်များနဲ့ မြန်မာစာတန်းထိုးဇတ်ကားများ One Championship/UFC နိုင်ငံတစ်ကာရုပ်သံလိုင်းများ အစုံကို Dexodust Appilication မှာ ကြည့်ရှုလို့ရနေပါပြီ
Android Phone –
bit.ly/dexodustph251
Android TV/Android Box
bit.ly/dexodusttv250
Window Laptop/Desktop
bit.ly/dexodustpc250
#dexodusttv #dexodustsportandent #europaleaguefinal #tottenhamhotspur #manchesterunited